တွက်တတ် TWETTAT

Support

Write to komyodev@gmail.com. မြန်မာဘာသာဖြင့် အောက်တွင်ဖတ်ပါ.

Before you write. Tell us which phone you use and which country you work in. Do not send us your pay record — we cannot read it and we do not want a copy.

The figures look wrong

Almost always this is a rate rather than a fault in the arithmetic. Open Settings and check the daily or monthly rate, the hours in a normal day, and the overtime multipliers against your own contract and payslip. The rates that come filled in are each country's published legal minimum, not a statement about your job.

If a month looks too low, check the home screen for "days not logged yet". A month with holes always adds up to less than it should.

I changed phone and my record is gone

The record lives on the phone and nowhere else — we never had a copy, so we cannot restore it. If you still have the old phone, open Settings on it, tap Save my record, keep the file somewhere safe, then use Restore my record on the new phone.

The evening reminder does not arrive

Check that notifications are allowed for TwetTat in your phone's own settings. The reminder is also skipped on any day you have already logged, which is deliberate.

I forgot my PIN

The PIN is checked on the phone and is not stored anywhere we can reach, so we cannot reset it. Reinstalling the app clears it, but that also erases the record unless you saved it to a file first.

Contact

komyodev@gmail.com
Micro Land Co., Ltd

We answer in Burmese or English.


အကူအညီ

komyodev@gmail.com ကို စာပို့ပါ။ English version above.

စာမပို့ခင်။ ဘယ်ဖုန်းသုံးလဲ၊ ဘယ်နိုင်ငံမှာ အလုပ်လုပ်လဲ ပြောပါ။ ခင်ဗျားရဲ့ လစာမှတ်တမ်းကိုတော့ မပို့ပါနဲ့ — ကျွန်တော်တို့ ဖတ်လို့မရသလို မိတ္တူလည်း မလိုချင်ပါ။

ဂဏန်းတွေ မှားနေတယ်

အများစုက တွက်ချက်မှုမှားတာမဟုတ်ဘဲ နှုန်းထားမှားနေတာပါ။ ဆက်တင်ဖွင့်ပြီး တစ်ရက်စာ (ဒါမှမဟုတ် တစ်လစာ) နှုန်း၊ ပုံမှန်တစ်ရက် အလုပ်ချိန်၊ အချိန်ပိုနှုန်းတွေကို ခင်ဗျားရဲ့ စာချုပ်နဲ့ လစာစလစ်နဲ့ တိုက်စစ်ပါ။ ကြိုဖြည့်ထားတဲ့နှုန်းတွေက နိုင်ငံတစ်ခုချင်းစီရဲ့ တရားဝင်အနည်းဆုံးနှုန်းသာဖြစ်ပြီး ခင်ဗျားအလုပ်အကြောင်း ပြောနေတာ မဟုတ်ပါ။

လစာနည်းနေတယ်ထင်ရင် ပင်မစာမျက်နှာမှာ "မမှတ်ရသေးတဲ့ရက်" ရှိမရှိ ကြည့်ပါ။ ရက်တွေ ကျန်နေရင် စုစုပေါင်းက အမြဲလျော့နေပါမယ်။

ဖုန်းပြောင်းလိုက်တော့ မှတ်တမ်းပျောက်သွားတယ်

မှတ်တမ်းက ဖုန်းထဲမှာပဲရှိပြီး တခြားဘယ်မှာမှ မရှိပါ — ကျွန်တော်တို့ဆီမှာ မိတ္တူ တစ်ခါမှ မရှိခဲ့လို့ ပြန်ယူပေးလို့ မရပါ။ ဖုန်းအဟောင်း ရှိသေးရင် ဆက်တင်ထဲက မှတ်တမ်းသိမ်းမယ် ကိုနှိပ်၊ ဖိုင်ကို လုံခြုံတဲ့နေရာမှာထား၊ ဖုန်းအသစ်မှာ မှတ်တမ်းပြန်ယူမယ် ကို သုံးပါ။

ညနေ သတိပေးချက် မရောက်ဘူး

ဖုန်းရဲ့ ကိုယ်ပိုင်ဆက်တင်မှာ တွက်တတ်အတွက် notification ခွင့်ပြုထားမထား စစ်ပါ။ ပြီးတော့ မှတ်ပြီးသားရက်တွေမှာ သတိပေးချက် မပို့ပါ — အဲဒါ တမင်ပါ။

PIN မေ့သွားတယ်

PIN ကို ဖုန်းထဲမှာပဲ စစ်ပြီး ကျွန်တော်တို့ လက်လှမ်းမီတဲ့နေရာမှာ မသိမ်းထားလို့ ပြန်ချိန်ပေးလို့ မရပါ။ app ဖြုတ်ပြီး ပြန်သွင်းရင် PIN ပျောက်ပါမယ် — ဒါပေမဲ့ ဖိုင်အဖြစ် အရင်မသိမ်းထားရင် မှတ်တမ်းပါ ပျောက်သွားပါမယ်။

ဆက်သွယ်ရန်

komyodev@gmail.com
Micro Land Co., Ltd

မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် ဖြေပါတယ်။